ဆာလံကျမ်း အခန်းကြီး ၁၃၇
၁ ဗာဗုလုန်မြစ်တို့ အနားမှာ ငါတို့သည် ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။
၂ ငါတို့ စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်းမခပင်တို့၌ ဆွဲထားကြ၏။
၃ အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်းသွားချုပ်ထားသော သူနှင့်၊ ငါတို့ကို ညှဉ်းဆဲသော သူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်း ဆိုသံကို၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါသည်တကား။
၎ တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို ဆိုရပါမည်နည်း။
၅ အိုယေရုရှလင်မြို့၊ သင့်ကိုငါမေ့လျှင် ငါလက်ျာလက်သည် မိမိအတတ်ကို မေ့ပါစေ။
၆ သင့်ကိုငါ မအောက်မေ့၊ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်း အကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ်မ ထားလျှင်၊ ငါလျှာသည် အာခေါင်၌ ကပ်ပါစေ။
၇ အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏ နေ့ရက်အချိန်ရောက်သော အခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ၊
၈ ဖျက်ဆီးတတ်သော ဗာဗု လုန်မင်းသမီး၊ သင်သည် ငါတို့၌ ပြုသည့်အတိုင်း၊ သင်၌ အပြစ်ကို ဆပ်ပေးသော သူသည် မင်္ဂလာရှိ၏။
၉ သင်၏ သူငယ်တို့ကို ကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သောသူသည် မင်္ဂလာရှိ၏။