Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၂၀
 အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ထာဝရဘုရားသည် နားထောင်တော်မူ၏၊၊
 အိုထာဝရဘုရား အကျွန်ုပ်အသက်ကို သစ္စာမရှိသော နှုတ်မှ၎င်း၊ လှည့်စားတတ်သောလျှာမှ၎င်း ကယ်နှုတ်တော်မူပါ၊၊
 အိုလှည့်စားတတ်သောလျှာ သင်သည် အဘယ်ကျေးဇူး ရှိသနည်း၊၊ အဘယ်အကျိုးကို ခံရသနည်း၊
 အားကြိးသောသူ၏ ထက်သောမြ‡ားကဲ့သို့၎င်း ရသမ်သစ်သားမီးခဲကဲ့သို့၎င်းဖြစ်၏၊၊
 ငါသည် မေရှက် ပြည်၌ တည်းခို၍ ကေဒါတဲ၌ နေရသည်အရာမှာ အမင်္ဂလာ ရှိ၏၊၊
 ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့် အတူငါ့ဝိညာဉ်သည် ကြာမြင့်စွာ နေရပါသည်တကား၊၊
 ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြောလျှင်မူကား၊ သူတို့သည်  စစ်တိုက်ခြင်းငှါအလိုရှိကြ၏၊၊