Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၉၁

 အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာ ဌာနတော်၌် နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။ 
 ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။
 အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကိုကင်းလွတ် စေတော်မူမည်။
 အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည် လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော် သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့်မည်။
 ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြ‡ားကို၎င်း၊
 မှောင်မိုက်   ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။ 
 သင်၏အနားမှာ လူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်း လဲသော်လည်း၊ သင့်ကို မထိမခိုက်ရ။
 သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရားသော သူတို့၌ ရောက်ရသောအပြစ် ကို မြင်ရုံမျှသာရှိလိမ့်မည်။
 ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသောကြောင့်၊
၁၀ သင်၌ မကောင်းသော အနိဌရုပ်မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
၁၁ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊
၁၂ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
၁၃ သင် သည်ခြင်္သေ့နှင့် မြွေဆိုးအပေါ်မှာ ကျော်သွား၍၊ ခြင်္သေ့ပျိုနှင့် နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
၁၄ သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကိုငါကယ်နှုတ်မည်။ ငါ့၏နာမကိုသိသောကြောင့်၊ သူ့ကိုငါ မြှောက်မည်။
၁၅ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
၁၆ ရှည်သောအသက်နှင့် သူ့ကို ရောင့်ရဲစေ၍၊ ငါ၏ကယ်တင် ခြင်းကျေးဇူးကို သူ့အားပြမည်။