ဆာလံကျမ်း အခန်းကြီး ၁၃၅
၁ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော့၊ ထာဝရဘုရား၏ အိမ်တော်ကို ချီးမွမ်းကြလော့။
၂ ထာဝရဘုရား၏ အိမ်တော်၊ ငါတို့ဘုရားသခင်၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား၏ ကျွန်တော်တို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။
၃ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသောကြောင့်၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ၏။
၎ အကြောင်းမှုကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ကိုယ်တော်အဘို့ ၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာ တော်ဖြစ်စေခြင်းငှာ၎င်း ရွေးကောက်တော်မူပြီ။
၅ ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့၏ ဘုရားရှင်သည် ဘုရားတကာတို့ ထက်မြတ်တော်မူ ကြောင်းကို ငါသိ၏။
၆ ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှတို့ကို ပြုတော်မူ၏။
၇ မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော်မူ၏။ မိုဃ်းနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်း တော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။
၈ အဲဂုတ္တုပြည်၌ လူမှစ၍ တိရစ္ဆြွန်တိုင်အောင် သားဦးရှိ သမျှတို့ကို ဒဏ်ခတ်တော်မူ၏။
၉ အဲဂုတ္တုပြည်၊ သင်၏ထဲမှာ ဖာရောမင်းမှစ၍၊ သူ၏ကျွန်အပေါင်းတို့၏ အပေါ်သို့ လက္ခဏာသက်သေ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။
၁၀ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း၊ ဗာရှန်ပြည်ကို အစိုးရသော သြဃမင်းနှင့်တကွ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက်၍ များပြားသော လူမျိုးနှင့်
၁၁ တကွ၊ ခါနန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့်၊
၁၂ သူတို့နေရာမြေကိုလွှဲ၍ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်၏ အမည်သည် နိစ္စထာဝရ ဖြစ်ပါ၏၊၊
၁၃ အိုထာဝရဘုရား။ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
၁၄ ထာဝရဘုရားသည် မိမိကျွန် တို့၏အတွက် နောင်တရ၍၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ၏။
၁၅ သာသနာပ လူတို့ကိုးကွယ်တော်မူသော ရုပ်ထုတို့ကား ငွေလည်းဖြစ်၏။ ရွှေလည်းဖြစ်၏။ လူလက်ဖြင့် လုပ်သော အရာပေတည်း။
၁၆ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍မမြင်တတ်။
၁၇ နားရှိ၍ မကြားတတ်။ သူတို့ပါးစပ် ၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။
၁၈ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစား သောသူအပေါင်းတို့လည်း အတူတူပါတကား။
၁၉ အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကောင်းကြီးပေလော့။ အိုအာရုန် အမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေလော့။
၂၀ အိုလေဝိအမျိုးအနွယ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
၂၁ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော်မူစေသတည်း။ ဟာလေလုယ။