ဆာလံကျမ်း အခန်းကြီး ၉၈
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
၅ စောင်းတီး၍ ထာဝရဘုရားအား သီချင်းဆိုကြလော့၊၊ စောင်းတီး၍ တုရိယသံကိုပြုကြလော့၊၊
၆ တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား ရှေ့တော်၌ ကြွေးကြော်ကြလော့။
၇ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့် ပင်လယ်တန်ဆာ သည်အသံဗလံကို ပြုစေ၊၊ လောကဓါတ်နှင့် လောကသားတို့သည် ထိုနည်းတူ
၈ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ၊၊
၉ အကြောင်းမူကား မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍ လူများကိုဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ခြင်းဆုံး ဖြတ်တော်မူလတံ့၊၊