ဆာလံကျမ်း အခန်းကြီး ၇၆
၁ ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏၊၊ ဣသရေလတိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏၊၊
၂ ယေယုရှလင် မြို့မှာတဲတော်ရှိ၏၊၊ ဇိအုန်တောင်မှာ ကျိန်းဝပ်လျက်နေတော်မူ၏၊၊
၃ ထိုအရပ်၌ လေးမြ‡ား ဒိုင်းလွှား ထားလက်နက် စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။
၎ သင်သည် သားရဲနေသောတောင်တို့ ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။
၅ ရဲရင့်သောသူတို့သည် လုယူခြင်းကိုခံရ၍ အိပ်ပျော်ကြပြီ၊၊ အားကြီးသောသူ တစုံတယောက်မျှ မိမိလက်ကိုမတွေ့ရ။
၆ ယာကုပ်အမျိုး၏ ဘုရားသခင် ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့် ရထားစီးသောသူနှင့် မြင်းစီးသောသူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။
၇ ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံဘွယ် ဖြစ်လေ၏၊၊ အမျက်ထွက်တော် မူသောအခါ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။
၈ ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသားအပေါင်းတို့ကို ကယ်တင်၍၊
၉ တရားဆုံးဖြတ်ခြင်းငှါထတော်မူသော အခါတရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူသဖြင့် မြေကြီးသည်ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။
၁၀ အကယ်စင်စစ် လူတို့၏ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်းစည်းတော်မူမည်၊၊
၁၁ သစ္စာဂတိပြုကြလော့၊၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့၊၊ ကိုယ်တော်၏ ပတ်လည်၌ နေသော သူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေဘွယ်သော ဘုရားထံတော် သို့ လက်ဆောင်ကိုဆောင်ခဲ့ကြစေ၊၊
၁၂ ထိုဘုရားသည် မင်းသားတို့၏ စိတ်ကိုနှိမ့်ချတော်မူ၏၊၊ လောကီရှင်ဘုရင် တို့၌ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏၊၊