Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၁၄
 ဣသရေလ အမျိုး၊ ယာကုပ်အနွယ်သည်ရိုင်းသောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သောအခါ၊
 ယုဒအမျိုး သည် သန့်ရှင်းရာဌာနတော်ဖြစ်၏၊၊ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏၊
 ပင်လယ်သည် မြင်၍ ပြေးလေ၏၊ ယော်ဒန်မြစ်လည်း နောက်သို့လှည့်လေ၏၊
 တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့ သို့၎င်း ခုန်ကြ၏၊၊
 အချင်းပင်လယ် သင်ပြေးသည်အကြောင်း အချင်းယော်ဒန်မြစ်၊ သင်သည် နောက်လှည့်သည့် အကြောင်း
 အချင်းတောင်ကြီးတို့ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင် ငယ်တို့ သင်တို့သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည့်အကြောင်းကား အဘယ်သို့နည်း၊၊
 အို မြေကြီး အရှင်၏ မျက်နှာတော်ရှေ့ယာကုပ်အမျိုးကိုးကွယ်သောဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက် နေလော့၊၊
 ဘုရားသခင်သည် ကျောက်ကို ရေကန်၊ မီးကျောက်ကို စမ်းရေတွင်း ဖြစ်စေတော်မူသတည်း၊၊