ဆာလံကျမ်း အခန်းကြီး ၇၂
၁ ရှောလမုန်ကို ရည်ဆောင်၍ စပ်ဆိုသောဆာလံ။ အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသားဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။
၂ ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့ကို တရားပေးပါလိမ့်မည်။
၃ တောင်ကြီးတောင်ငယ် တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့ အားချမ်းသာပေးကြလိမ့်မည်။
၎ ထိုမင်းသည် ကိုယ်တော်၏ လူတို့ တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ် သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကို လည်း နှိပ်စက်ပါလိမ့်မည်။
၅ နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူအစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြပါလိမ့်မည်။
၆ ထိုမင်း၏ သက်ရောက်ခြင်းသည် ရိတ်သောမြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့၎င်း၊ မြေကိုစိုစေသော မိုဃ်း ပေါက်များကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။
၇ လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင်၊ တရား သောသူသည် ပွင့်လန်း၍ ချမ်းသာ များပြားလိမ့်မည်။
၈ ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေစွန်းတိုင် အောင်၎င်း၊ အစိုးရတော်မူလိမ့်မည်။
၉ တောတွင်းသား တို့သည်ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
၁၀ တာရှုမင်းတို့နှင့် ပင်လယ်တဘက်၌ နေသော မင်းတို့သည်အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏာများကို ဆက်ကြလိမ့်မည်။
၁၁ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်တို့ကို ထမ်းကြလိမ့်မည်။
၁၂ အကြောင်းမူကား၊ ငတ်မွတ်သောသူ၊ အော်ဟစ်သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
၁၃ ဆင်း ရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။
၁၄ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှင်းဆဲခြင်း၏လက်မှ ရွေးနှုတ်၍ ၊ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။
၁၅ အသက်တော်တည်၍ လူများတို့သည် ရှေဘရွှေကိုဆက်ခြင်း၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း၊ နေ့တိုင်း ထောမနာချီးမွမ်းခြင်တို့ကို ပြုကြလိမ့်မည်။
၁၆ ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့ သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့် မည်။
၁၇ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေသည်တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွါးလိမ့် မည်။ကျေးဇူးတော် အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၍၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့် မည်။
၁၈ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာ စီရင်တော်မူသော ထာဝရအရှင်၊ ဘုရားသခင် ၊ဣသရေလ အမျိုး၏ ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေသတည်း။
၁၉ ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာ ရှိတော်မူစေသတည်း၊၊ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့် ပြည့်စုံပါစေသတည်း။ အာမင်နှင့် အာမင်။
၂၀ ယေရှဲ၏သားဒါဝဒ် ဆုတောင်းသော ပဌနာစကားပြီး၏။