ဆာလံကျမ်း အခန်းကြီး ၁၄၁
၁ အိုထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏၊၊ အလျင်အမြန်ကြွ လာတော်မူပါ၊၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ၊၊
၂ အကျွန်ုပ်၏ ပဌာနသည် မီးရှို့သောနံသာပေါင်း ကဲ့သို့၎င်း လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာကဲ့သို့၎င်း ရှေ့တော်၌ပြင်ဆင် လျက် ရှိပါစေသော်၊၊
၃ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ၊၊ အကျွန်ုပ်၏ နှုတ်ခမ်းတံခါးကိုစောင့်တော်မူပါ၊၊
၎ ဒုစရိုက်ပြုသော သူနှင့်အတူ အကျွန်ုပ်ပါ၍ မတရားသောအမှု ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှါ အကျွန်ုပ်၏ စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်၊၊ ထိုသူတို့၏ခဲဘွယ်စားဘွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။
၅ ဖြောင့်မတ်သော သူသည် အကျွန်ုပ်ကိုဒဏ်ခတ်ပါစေသော ကျေးဇူးရှိပါလိမ့်မည်၊၊ ဆုံးမ ပါစေသောအကျွန်ုပ် ဦးခေါင်း ကို လိမ်းသောဆီဖြစ်ပါလိမ့်မည်၊၊ ထပ်၍ပြုသော်လည်း အကျွန်ုပ်မငြင်းပါ၊၊ ယခုမူကား သူတပါးပြုသော အဓမ္မအမှု တဘက်၌ ဆုတောင်းပါ၏။
၆ သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှလွတ်၍ အကျွန်ုပ်၏စကားကို ကြားရကြပါ၏၊၊ ထိုစကားလည်းချိုပါ၏၊၊
၇ မြေပေါ်မှာထင်းကို ခုတ်၍ခွဲသကဲ့သို့ မရဏာနိုင်ငံ တံခါးဝမှာ အကျွန်ုပ်တို့ ၏အရိုးများတို့သည် ကွဲပြားလျက်ရှိပါ၏၊၊
၈ အိုဘုရားရှင် ထာဝရဘုရား ကိုယ်တော်ကိုအကျွန်ုပ် မျှော်ကြည့်ပါ၏၊၊ ကိုယ်တော်၌ ခိုလှုံပါ၏၊၊
၉ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်၊၊ အကျွန်ုပ်အဘို့ ထောင်ထားကြသော ကျော့ကွင်းများကို၎င်း ဒုစရိုက်ပြုသောသူတို့၏ ညွှတ်ကွင်းမှ၎င်း၊ အကျွန်ုပ်ကိုလွှတ် စေတော်မူပါ၊၊
၁၀ ထိုသို့အ ကျွန်ုပ်သည် လွန်သွားသောအခါ မတရားသောသူအပေါင်း တို့သည် မိမိကျော့ကွင်း ထဲသို့ကျကြပါစေသော၊၊