ဆာလံကျမ်း အခန်းကြီး ၈၃
၁ အိုဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အိုဘုရားသခင်၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာနေတော် မမူပါနှင့်။
၂ ကိုယ်တော်၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
၃ ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော်ကွယ်ကာ တော်မူသော သူတို့တဘက်၌ တိုင်ပင်ကြပါ၏။
၎ ဣသရေ လ၏ နာမကို နောက်တဖန်အောက်မေ့စရာ မရှိစေခြင်းငှာ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟုဆိုကြပါ၏။
၅ သဘောတညီတညွတ်တည်း တိုင်ပင်၍၊ ကိုယ်တော်တဘက်၌ အချင်းချင်း သင်းဖွဲ့သောသူ ဟူမူကား။
၆ ဧဒုံပြည်၌နေ သောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊
၇ ဂေဗလပြည်သား၊ အမ္မုန်ပြည်သား၊ အာမလက်ပြည်သား၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိအမျိုးသားတို့သည် သင်းဖွဲ့ကြပါ၏။
၈ အာရှုရိအမျိုးသား တို့ သည်လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ၏။
၉ မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရမင်း နှင့်ယာဘိန်မင်းကို၎င်း ပြုသကဲ့သို့ သူတို့ကို ပြုတော်မူပါ။
၁၀ ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေပေါ်မှာ နောက်ချေးကဲ့သို့ဖြစ်ကြပါ၏။
၁၁ ငါတို့ သည် ဘုရားသခင်၏ အိမ်များကို ကိုယ်ဘို့သိမ်းယူကြကုန်အံ့ဟုဆို သော သြရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊ ဤသူတို့၏ မှူးမတ်များကို၎င်း၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်းကဲ့သို့ ဤသူတို့၏ မင်းသားအပေါင်းကို၎င်း ဖြစ်စေတော်မူပါ။
၁၂ အကျွန်ုပ်၏ ဘုရားသခင်၊ လေဘွေ၌ပါသွားသော အမှိုက်ကဲ့သို့၎င်း၊ လေတိုက်၍လွင့်သော ဖွဲကဲ့သို့၎င်း၊ သူတို့ကို ဖြစ်စေတော်မူပါ။
၁၃ တောကိုမီးရှို့သကဲ့သို၎င်း၊ တောင်ပေါ်မှာ မီးလောင် သကဲ့သို့လည်းကောင်း၊
၁၄ ထိုနည်းတူ၊ မိုဃ်းသက်မုန်တိုင်းတော် အားဖြင့် သူတို့ကို ညှင်းဆဲ၍၊ ပြင်းစွာသော လေတော် အားဖြင့်၊ ချောက်လှန့်တော်မူပါ။
၁၅ အိုထာဝရဘုရား၊ သူတို့ မျက်နှာကို ရှက်စေတော်မူ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော။
၁၆ စိတ်ပျက်၍ အစဉ်ပင်ပန်းခြင်း ရှိကြပါစေသော။ အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော။
၁၇ ထာဝရ ဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော်တပါးတည်း သာလျှင်၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။