Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၂၄
 ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်ဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုး ဆိုရသော စကားဟူမူကား၊
 ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော်မမူလျှင်၊လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
 အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
 ထိုအခါငါတို့ကို ရေသည်၊ လွှမ်းမိုး၍စီးသောရေသည် ငါတို့အသက်ဝိညာဉ်ပေါ်မှာ ကျော်သွားပြီ တကား။
 စော်ကားသောရေတို့သည် ငါတို့အသက်ဝိညာဉ်ပေါ်မှာ ကျော်သွားကြပြီတကား။
 သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကိုအပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။
 ငှက်သည်မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ်သကဲ့သို့၊ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်းပြတ်၍ ငါတို့သည် လွတ်ကြပြီ။
 ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည်မစခြင်း ကျေးဇူးကို ခံရကြသတည်း။