ဆာလံကျမ်း အခန်းကြီး ၁၀၂
၁ ဆင်းရဲသောသူသည်ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရားရှေ့တော်၌ ညည်းတွားမြည်တမ်း၍ပြုသောပဌာနာ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌာနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်းအသံသည် ရှေ့တော်သို့ရောက် ပါစေသော။
၂ ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှ လွဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နား ထောင်တော်မူပါ။အလျင်အမြန် ထူးတော်မူပါ။
၃ အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တက်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
၎ အကျွန်ုပ်၏ နှလုံးသည့် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍၊ ညိ‡ုးနွမ်းလျက်ရှိပါ၏။ အစာစားခြင်းကိစ္စကို ပင်မေ့လျော့တက်ပါ၏။
၅ ကိုယ် ညည်းတွားခြင်းအသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
၆ အကျွန်ုပ်သည် လွင်ပြင်၌ နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇီးကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။
၇ အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်းနေရသော ငှက်ကဲ့သို့ ဖြစ်၍ စောင့်လျက်နေရပါ၏။
၈ အကျွန်ုပ်ရန်သူ တို့သည် တနေ့လုံးကဲ့ရဲ့ ကြပါ၏။အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ်ကိုပုံခိုင်း၍ ကျိန်ဆိုတက်ကြပါ၏။
၉-၁၀ စိတ်တော်မပြေ၊ အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ်သည်ပြာကို မုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည် ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။
၁၁ အကျွန်ုပ်၏ နေ့ရက်တို့သည် ရှည်လျားသောအရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့အကျွန်ုပ်ညှိုးနွမ်းပါ၏။
၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
၁၃ ထတော်မူပါ။ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနား ရသောအချိန်၊ ချိန်းချက် တော်မူသော အချိန်ရောက် ပါပြီ။
၁၄ ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏ မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
၁၅ တပါး အမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်း တို့သည် ဘုန်းတော်ကို၎င်း၊ ကြောက်ရွံ့ကြပါလိမ့်မည်။
၁၆ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
၁၇ ကိုးကွယ်ရာ မဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌာနကို မှတ်တော်မူလိမ့်မည်။
၁၈ ထိုအကြောင်းအရာ ကို နောက်ဖြစ်လတံ့သော လူမျိုးတို့အဘို့ ရေးမှတ် ရမည်။ပြုပြင်တော်မူလတံ့သောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
၁၉-၂၂ ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှာ၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာ၎င်း၊ အတိုင်းတိုင်း အပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာ၊ သန့်ရှင်းရာ ဌာနတော်အထွဋိ ကငုံကြည့် တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
၂၃ လမ်းခရီး၌ ငါ၏ အစွမ်းကို လျော့စေခြင်းငှာ၎င်း၊ ငါ၏ နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း၊ ပြုတော်မူသော အခါ၊
၂၄ ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစင်ပင် ပယ်ရှင်းတော် မမူပါနှင့်၊ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။
၂၅ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
၂၆ ထိုအရာတို့သည် ပျက်စီး ခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်း နွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့လဲတော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊
၂၇ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။
၂၈ အသက်တော်လည်းမကုန်ဆုံးရပါ။ ကိုယ်တော် ကျွန်တို့၏ သားမြေးတို့ သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။