Sunday, April 8, 2018

ဆာလံကျမ်း အခန်းကြီး ၁၇

၁ အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊
၂ ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊
၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊
၎ လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊
၅ လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊
၆ အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊
၇ ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊
၈-၉ အကျွန်ုပ်ကို ည‡င်းဆဲသော လူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍ သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှါ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့် မတော်မူပါ၊၊ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ၊၊
၁၀ သူတို့သည် မိမိတို့ ဆူဝခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆိုကြပါ၏၊၊
၁၁ အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ၊၊ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏၊၊
၁၂ ဘမ်းမိသော အကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာ အရပ်၌ ချောင်း၍ နေသော ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏၊၊
၁၃ အိုထာဝရဘုရား ထတော်မူပါ၊၊ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ၊၊ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ၊၊
၁၄ အိုထာဝရ ဘုရား လောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ၊ ထိုသူတို့ သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏၊၊ သူတို့အလိုကို ဘဏ္ဍတော်နှင့် ပြည့်စုံစေတော်မူ၏၊၊ သူတို့ သားသမီးတို့ သည်လည်း ကြွယ်ဝ၍ မြေးမြစ် စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။