ဆာလံကျမ်း အခန်းကြီး ၅၃
၁ ဘုရားသခင် မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသော သူတယောက်မျှ မရှိ၊၊
၂ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူတစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရားသခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၍၊
၃ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ၊၊ တညီတညွတ်တည်းဆွေးမြေ့ယိုယွင်းခြင်း ရှိကြ၏၊၊ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊၊ တယောက်မျှမရှိ၊၊
၎ မုန့်ကို စားသကဲ့သို့ ငါ၏ လူတို့ကို ကိုက်စား၍ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲ နေရကြသလော၊၊
၅ သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း အလွန်ကြောက်လန့်ကြလိမ့်မည်၊၊ အကြောင်းမူကား သင့်ကို ဝန်းရံ၍ တပ်ချသော သူ၏ အရိုးတို့ကို ဘုရားသခင်သည် ဖရိုဖရဲ ကွဲပြားစေ တော်မူမည်၊၊ သူတို့ကို ဘုရားသခင် ရှုတ်ချတော်မူသောကြောင့် သင်သည်သူတို့ကို အရှက်ခွဲရလိမ့်မည်၊၊
၆ ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော် သည် ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော၊၊ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန် ဘုရားသခင်သည် ဆောင်ခဲ့တော်မူသောအခါ ယာကုပ်သည် ဝမ်းမြောက်ခြင်း ၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်၊၊