၁ ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည်ကာလ၊ ငါကို မျက်နှာပြု၍ ငါအော်ဟစ်သော အသံကို ကြားတော်မူ၏၊၊
၂ ပျက်စီးရာတွင်းနှင့်အလွန်ဆိုးသော ရွှံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏၊၊
၃ ထိုသို့ ငါတို့ဘုရားသခင်ကို ချီးမွမ်းရာ သီချင်းသစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏၊၊ လူများတို့သည် သိမြင်၍ ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရားကို ကိုးစားကြလိမ့်မည်၊၊
၎ မာန ထောင်လွှားသောသူနှင့် မိစ္ဆြွာတရားလမ်းသို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ထာဝရဘုရားကို ကိုးစားသော သူသည် မင်္ဂလာရှိ၏၊၊
၅ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံသြဘွယ်အမှုတို့နှင့် ကြံစည် တော်မူသော အကြံအစည်တို့သည် များလှပါ၏၊၊ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ၊၊ အကျွန်ုပ်ထုတ် ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက်၍ မကုန်နိုင်အောင် များလှပါ၏၊၊
၆ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ၊ မီးရှို့ရာ ယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊
၇ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထား သည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။
၈ အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်၏၊၊ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ၏။
၉ ဖြောင့်မတ် ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ၊ အိုထာဝရဘုရား အကျွန်ုပ်သည် ကိုယ်နှုတ်ကို ပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော်မူ၏၊၊
၁၀ ဖြောင့်မတ်စွာ စီရင်တော်မူခြင်း တရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲ မှာ ဝှက်၍မထားပါ၊၊ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြောပါပြီ၊၊ ကရုဏာတော် နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်မဝှက်ပါ။
၁၁ အို ထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက်တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်၊၊ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော၊၊
၁၂ အကြောင်းမူကား အတိုင်းမသိ များစွာသော ဘေးဥပဒ် တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ၊၊ အကျွန်ုပ်မျှော်၍ မကြည့်နိုင်အောင် ခံရသောအပြစ်တို့သည် အကျွန်ုပ်ကို မှီကြပါပြီ၊၊ အကျွန်ုပ်ဆံပင်ထက်များပြားသည်ဖြစ်၍ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ၊၊
၁၃ အိုထာဝရဘုရား အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန်ပြုတော်မူပါ၊၊
၁၄ အကျွန်ုပ် အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော၊ အကျွန်ုပ်၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော၊၊
၁၅ အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေ ဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေသော၊၊
၁၆ ကိုယ်တော်ကို ရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကိုနှစ်သက်သော သူတို့သည် ထာဝရဘုရား ဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ် ပြောကြပါစေသော၊၊
၁၇ အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို အောက်မေ့ တော်မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ကယ်တင်သောသူဖြစ်တော်မူ၏၊၊ အကျွန်ုပ်၏ ဘုရားသခင် ဆိုင်းလင့်တော် မမူပါနှင့်၊၊