Saturday, April 7, 2018

ဆာလံကျမ်း အခန်းကြီး ၅၅
 အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကိုနားထောင်တော်မူပါ၊၊ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်၊၊
 ကြည့်ရှုနားထောင်တော်မူပါ၊၊ ရန်သူ၏ စကားသံကြောင့်၎င်း မတရားသော ညင်းဆဲ ခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညိုးငယ်သောစိတ်နှင့် ညည်းတွားမြည်တမ်းလျက် နေရပါ၏၊၊
 သူတို့သည် အကျွန်ုပ် အပေါ်၌ အပြစ်ကို သက်ရောက်စေ၍ ဒေါသစိတ်နှင့်မုန်းကြပါ၏၊၊
 အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏၊၊
 ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ။
 ငါသည်ချိုးငှက်ကဲ့သို့ အတောင်ကိုရပါစေသော၊၊ ထိုသို့ရလျှင် အခြားသို့ပျံသွား၍ ငြိမ်ဝပ်လျက် နေလိမ့်မည်၊၊
 ဝေးစွာသွား၍ တောမှာ နေရာကျလိမ့်မည်၊၊
 ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့်လွတ်ခြင်းငှါ အလျင်အမြန် ပြေးလိမ့် မည်ဟု အကျွန်ုပ် စိတ်ရှိပါ၏၊၊
 အို ထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ၊၊ မြို့တော်တွင် အနိုင်အထက်ပြု ခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ၊၊
၁၀ မြို့ရိုးပေါ်မှာ နေညည့်မပြတ်သူတို့သည် လည်ကြပါ၏၊၊ မြို့ထဲမှာ ဆိုးညစ်သော အမှုနှင့် နှောက်ရှက်ခြင်းအမှုရှိကြပါ၏၊၊
၁၁ အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍ ညင်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏၊၊
၁၂ ငါ့ကို ကဲ့ရဲ့သော သူသည် ငါ့ရန်သူမဟုတ်၊၊ ဟုတ်လျှင် သည်းခံနိုင်၏၊၊ ငါ့ကို ရန်ဘက်ပြု သောသူသည် ငါ့ကို မုန်းသောသူမဟုတ်၊၊ ဟုတ်လျှင် ထိုလူကို ငါရှောင်နိုင်သည်၊၊
၁၃ ထိုသို့ပြုသောသူသည် သင်ဖြစ် ၏၊၊ ငါနှင့်ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါ့အသိအကျွမ်းဖြစ်၏၊၊
၁၄ အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ၊၊ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေးနှင့် အတူသွားကြပြီ၊၊
၁၅ သူတို့ကို သေမင်းဘမ်းဆီးပါစေ၊၊ အသက် ရှင်လျက် မရဏာနိုင်ငံသို့ ဆင်းသက်ကြပါစေ၊၊ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့ အထဲ၌ ရှိကြ၏၊၊
၁၆ ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍ ထာဝရဘုရားသည် ကယ်တင်တော်မူမည်၊၊
၁၇ ညဦးအချိန် ၊ နံနက် အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍ ငါ၏အသံကို ကြားတော်မူမည်၊၊
၁၈ ငါ့ကိုစစ်တိုက်ကြစဉ် တွင် ငါ့အသက်ကို ရွေးနှုတ်၍ ချမ်းသာပေးတော်မူမည်၊၊
၁၉ ငါ့ဘက်၌ နေသောသူအများရှိကြ၏၊ ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်၊၊ သူတို့သည် ပြောင်းလဲခြင်း မရှိသော ကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ၊၊
၂၀ ထိုသို့သော သူသည် မိတ်ဆွေဖြစ်သောသူကိုပြစ်မှား၍ သစ္စာပျက်တတ်၏၊၊
၂၁ သူ၏ စကားသည် ထောပတ်ထက် ချောသော်လည်း စစ်တိုက်မည်ဟု အကြံရှိ၏၊၊ သူ၏ စကားသည် ဆီထက် ပြော့သော်လည်း ထုတ်သောထားဖြစ်၏၊၊
၂၂ ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌ ချထားလော့၊၊ သင့်ကို မစတော်မူမည်၊၊ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ၊၊
၂၃ အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူ့အသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တဝက်ခန့်မျှ မရှင်ရကြ၊၊ အကျွန်ုပ်မူ ကား ကိုယ်တော်၌ ခိုလှုံပါမည်၊၊