Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၇၈
 ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။
 ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဘော်ပြပေအံ့။
 ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊
 သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော် ကို၎င်း၊ ပြုတော်မူသော အံ့ဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သော သူတို့အားဘော်ပြကြမည်။
 အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကို စီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။
၆-၇ သဘော မဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲ မဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည်မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကိုမမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှာ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အားပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အ ကြောင်း ပညတ်ထားတော်မူပြီ။
 ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။
၁၀ ဘုရားသခင်၏ သစ္စာတော်ကိုမစောင့်။ တရားတော်လမ်း၌ သွားခြင်းငှာ အလိုမရှိကြ။
၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသော အံ့သြဘွယ်တို့ကို၎င်း မေ့လျော့ကြ၏။
၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင်၊ သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မှု၏။
၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကိုလျှောက်သွား စေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မှု၏။
၁၄ နေ့အချိန်၌ကား၊ မိုဃ်းတိမ်ဖြင့်၎င်း၊ ညဥ့်အချိန်၌ကား၊ တညဥ့်လုံးမီးအလင်းဖြင့်၎င်း သူတို့ကိုလမ်းပြ တော်မူ၏။
၁၅ တော၌ကျောက်တို့ကိုဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသောရေကို သူတို့အားတိုက်တော်မူ၏။
၁၆ ကျေက်ထဲကစီးသောရေကို ထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။
၁၇ ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ ပုန်ကန်သောအားဖြင့် တိုး၍ပြစ်မှားကြ၏။
၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍ စိတ်နှလုံး ထဲမှ ဘုရားသခင်ကို စုံစမ်းကြ၏။
၁၉ ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင်နိုင်သလော။
၂၀ ကြည့်ကြလော့။ ကျောက်ကိုရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်းပေးနိုင်သလော။ မိမိလူတို့အဘို့မဲသားကို ပြင်ဆင်နိုင်သလောဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ၏။
၂၁ ထိုစကားကို ထာဝရ ဘုရားသည် ကြား၍အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍ ဣသရေလအမျိုး၌ ဒေါသမီးတက်လေ၏။
၂၂-၂၅ အကြောင်းမူကား၊ အထက်မိုဃ်းတိမ် တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ ကိုဖွင့်၍၊ သူတို့စားစရာဘို့မန္နကိုမိုဃ်းရွာစေသဖြင့်၊ ကောင်းကင်ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ထိုသူအပေါင်းသည် ကြီးမြတ်သောသူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမကိုးစားပဲနေကြ၏။
၂၆ မိုဃ်းကောင်းကင်၌ အရှေ့လေကို ပယ်၍၊ အားကြီးသော တောင်လေကို ဆောင်ခဲ့သဖြင့်၊
၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှပျံတက်သော ငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့် အမျှ၊ မိုဃ်းရွာစေလျက်၊
၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ်လည်၌ ကျစေတော်မူ၏။
၂၉ ထိုသို့သူတို့ အလိုရှိသည်အတိုင်း ပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာစားရကြ၏။
၃၀ သူတို့ တပ်မက်သောအစာကို မရောင့်ရဲမှီ စားကြစဉ်တွင်၊
၃၁ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကို ကွက်မျက်၍ ဣသရေလလူပျိုတို့ကို လှဲချတော်မူ၏။
၃၂ ထိုအမှု အလုံးစုံတို့နှင့် ဣသရေလ လူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ၊ ပြစ်မှားလျက်နေကြသေး၏။
၃၃ ထို့ကြောင့် သူတို့နေ့ရက်ကာလကို  အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှပ်တော်မူ၏။
၃၄ သူတို့ကို ကွပ်မျက်တ်ာမူသောအခါ ကိုယ်တော်ကို ရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကိုလိုက်ရှာကြ၏။
၃၅ ဘုရားသခင် သည် သူတို့၏ ကျောက်၊ အမြင့်ဆုံးသော ဘုရားသည် သူတို့ကိုကယ်တင်သော အရှင်ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။
၃၆ သို့သော်လည်း ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့၍၊ လျှာဖြင့်လည်း မုသားစကားကို လျှောက်ဆိုကြ၏။
၃၇ သူတို့စိတ်သဘောမူကား၊ ရှေ့တော်၌မဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။
၃၈ ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးပဲအပြစ်လွှတ်တော်မူ၏။  ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။
၃၉ သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ၍ နောက်တဖန်မလာ တတ်သော ဝိညာဉ်ဖြစ် ကြောင်းကို၎င်း အောက်မေ့တော်မူ၏။
၄၀ သူတို့သည် ကိုယ်တော်ကို တော၌ ပုန်ကန်၍ လူဆိတ်ညံရာအရပ်၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။
၄၁ ဘုရားသခင်ကိုအဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည် တကား။
၄၂ တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကို၎င်း မအောက်မေ့ကြ။
၄၃ အဲဂုတ္တပြည်၌ လက္ခဏာသက်သေတော် တို့ကို ၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သောအမှုတို့ကို၎င်း ပြုတော်မူ၏။
၄၄ ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း၊ သူတို့မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။
၄၅ သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သောဘားတို့ကို၎င်း စေလွှတ်တော်မူ၏။
၄၆ သူတို့၏မြေ အသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ရသော ဥစ္စာကိုအရာ ဘကျိုင်းတို့အား၎င်း ပေးတော်မူ၏။
၄၇ သူတို့စပျစ် နွယ်ပင်များကို မိုဃ်းသီးဖြင့်၎င်း၊ သူတို့သဖန်းပင်များကို နှင်းခဲဖြင့်၎င်း ဖျက်ဆီးတော်မူ၏။
၄၈ သူတို့၏ သိုးနွားများကို မိုဃ်းသီးဖြင့်၎င်း၊ ပြုစုသော တိရစ္ဆာန်များကို မီး၌၎င်း အပ်တော်မူ၏။
၄၉ အမျက်တော်အရှိန်အားဖြင့် သူတို့၌ ဆိုးသော တမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောက်ယှက်ခြင်းအမှုကို ဖြစ်စေတော်မူ၏။
၅၀ အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှာ ကာလနာသို့ အပ်နှံသဖြင့်၊
၅၁ အဲဂုတ္တပြည်၌ သားဦးအပေါင်း တို့ကို၎င်း၊ ဟာမသားတို့ နေရာအရပ်၌ အထွဋိအမြတ်များကို၎င်း ဒဏ်ခတ်တော်မူ၏။
၅၂ မိမိလူများကို ကား၊ သိုးကဲ့သို့ထွက်စေ၍၊ တော၌ သူတို့ကို သိုးစုကဲ့သို့ဆောင်တော်မူ၏။
၅၃ ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူသဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။
၅၄ သန့်ရှင်းသောပြည်တော် စွန်းတိုင်အောင်၎င်း၊ လကျာ်လက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
၅၅ သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ်အသီးသီးတို့သည် အမွေခံရ သောမြေကို တာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။
၅၆ သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသောဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူ ချက်များ ကို မစောင့်ဘဲ၊
၅၇ ဘိုးဘေးများကဲ့သို့ ဖောက်ပြန်ကို သစ္စာကို ဖျက်ကြ၏။ လိမ်တတ်သောလေကဲ့သို့ လမ်းလွဲကြ၏။
၅၈ သူတို့သည် မြင့်သော အရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ်နှောက်ယှက်ကြ၏။
၅၉ ဘုရားသခင်သည် ကြားသိတော်မူ လျှင်၊ အမျက်တော်ထွက်၍၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံ့ရှာသဖြင့်၊
၆၀ ရှီလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသောအရပ်ကို စွန့်တော်မူ၏။
၆၁ တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှာ၎င်း၊ ဘုန်းတော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှာ စီရင်တော်မူ၏။
၆၂ မိမိလူတို့ကိုလည်းထားဘေး၌ အပ်၍၊ အမွေတော်ကို အမျက်ထွက်တော်မူ၏။
၆၃ လူပျိုတို့သည် မီးလောင်ခြင်းကို ခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။
၆၄ ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံးသော်လည်း၊ မုဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။
၆၅ ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူကဲ့သို့၎င်း၊ စပျစ်ရည်ကြောင့်  ငြိမ်ပြီးသော သူရဲကဲ့သို့၎င်း နှိုးတော်မူ၏။
၆၆ ရန် သူတို့ကို ဒဏ်ခတ်၍လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ၏။
၆၇ သို့ရာတွင်၊ ယောသပ်၏ တဲတော်ကို ငြင်း ပယ်၍ ဧဖရိမ် အမျိုးကို ရွေးတော်မမူ။
၆၈ ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန်တောင်ကို၎င်း ရွေးတော်မူ၏။
၆၉ သန့်ရှင်းရာ ဌာနတော်ကို အထွဋိကဲ့သို့၊  တည်ဆောက်၍ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။
၇၀ ကျွန်တော်မျိုးဒါဝိဒ်ကို သိုးခြံများ ထဲကရွေးယူ တော်မူ၏။
၇၁ သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှနှုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်းငှာ ခန့်ထားတော်မူ၏။
၇၂ ထိုသူသည် ဖြောင့်သောသ ဘောရှိသည့်အတိုင်း ကျွေးမွေး၍၊ လိမ္မာသော လက်နှင့်ပို့ ဆောင်လေ၏။