ဆာလံကျမ်း အခန်းကြီး ၉၉
၁ ထာဝရဘုရားသည်စိုးစံတော်မူ၏၊၊ လူများတို့သည် တုန်လှုပ်ခြင်းရှိကြစေ၊၊ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူ၏၊၊ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ၊၊
၂ ထာဝရဘုရားသည် ဇိအုန်တောင်မှာကြီးမြတ်တော် မူ၏။ လူများအပေါင်းတို့ထက် မြှောက်ခြင်းရှိတော်မူ၏။
၃ ကြီးမြတ် ၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ။ အကြောင်းမူကား၊ နာမတော်သည် သန့်ရှင်းခြင်းရှိသတည်း။
၎ တရားကို နှစ်သက်သော ရှင်ဘုရင်၏ တန်ခိုးတော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည်မှန်သောစီရင်ခြင်းကို တည်စေတော်မူ ၏။ ယာကုပ်အမျိုး၌ တရားသဖြင့် ပြု၍၊ ဖြောင့်မတ်စွာ ဆုံးမတော်မူ၏။
၅ ငါ့တို့ဘုရားသခင် ထာဝရဘုရားကို မြှောက်ကြလော့။ ခြေတော်တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုး ကွယ်ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်သည် သန့်ရှင်းတော်မူတည်း။
၆ ယဇ်ပရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော်ကို ပဌာနပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရား ကို ပဌာနပြု ၍ ကိုယ်တော်သည် ထူးတော်မူ၏။
၇ သူတို့အား မိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံတော်မူချက်များကို၎င်း၊စီရင်ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက်ကြ၏။
၈ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ် တော်သည် သူတို့ကို ထူးတော်မူ၏။ သူ့တို့အမှုကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ ၏။
၉ ငါတို့၏ ဘုရားသခင်ထာဝရ ဘုရားကို မြှောက်ကြလော့။ သန့်ရှင်း သော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း။