ဆာလံကျမ်း အခန်းကြီး ၁၀၉
၁ အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်၊
၂ မတရားသောသူနှင့် သစ္စာပျက်သော သူတို့သည် အကျွန်ုပ်တဘက်၌ နှုတ်ကို ဖွင့်၍ မုသာစကားကို ပြောဆိုကြပါ၏၊၊
၃ မနာလိုသောစိတ်နှင့် စကားပြော လျက် အကျွန်ုပ်ကို ဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏၊
၎ အကျွန်ုပ်မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြု ကြပါ၏၊၊ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏၊၊
၅ အကျွန်ုပ်ပြုသော ကျေးဇူးအတွက်မကောင်းသော အပြစ်ကို၎င်း အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို၎င်း ဆပ်ပေးကြပါ၏၊၊
၆ ထိုသို့သော သူ၏ အပေါ်မှာ မတရားသော သူကို ခန့်ထားတော်မူပါ၊၊ သူ၏ လက်ျာနားမှာ ရန်သူနေပါ စေ၊၊
၇ သူသည် တရားစီရင်ခြင်းကို ခံရာတွင် ရှုံးပါစေ၊၊ သူပြုသော ပဌနာသည် ပြစ်မှားခြင်း ဖြစ်ပါစေ၊၊၊
၈ သူ၏ အသက်တို ပါစေ၊၊ သူ၏ အရာကိုလည်း အခြားသူ ရပါစေ၊၊
၉ သူ၏ သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမ ဖြစ်ပါစေ၊
၁၀ သူ၏ သားတို့သည် အရပ်ရပ်လည်၍ သူတောင်းစား ဖြစ်ပါစေ၊၊ ပျက်စီးသောမိမိတို့နေရာများမှ ထွက်၍ အစာကို ရှာကြပါစေ၊၊
၁၁ သူ၌ရှိသမျှကို ကြွေးရှင် သိမ်းယူပါစေ၊၊ သူလုပ်၍ရသောဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ၊၊
၁၂ သူ၌ ကျေးဇူးပြုသောသူ သူ၏ ဘသားဆိုးတို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိပါစေနှင့်၊၊
၁၃ သူ၏ အနွယ်သည်ပြတ်ပါစေ၊၊ လူမျိုးဆင်းသက်၍ တဆက်တည်းတွင် သူတို့၏ နာမည်သည် ကျေပျောက်ပါစေ၊၊
၁၄ သူတို့ဘိုး ဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ၊၊ သူအမိ၏ အပြစ်သည် မဖြေပါစေနှင့်၊၊
၁၅ ထိုဒုစရိုက် အပြစ်သည် ထာဝရဘုရား ရှေ့မှာ အစဉ်အမြဲ ထင်ရှား၍ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ ပယ်ရှား တော်မူ ပါစေ၊၊
၁၆ အကြောင်းမူကား ထိုသူသည် ကယ်မသနားခြင်းငှါ သတိမရှိ၊၊ ဆင်းရဲငတ်မွတ် ၍ စိတ်ပျက်သောသူကို သေစေသည့်တိုင်အောင် ည‡င်းဆဲပြီ၊၊
၁၇ သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ သူ့အပေါ်သို့ရောက်ပါစေ၊၊ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည် အတိုင်း သူနှင့် ဝေးပါစေ၊၊
၁၈ အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ၊၊ ရေကဲ့သို့ သူ၏ဝမ်းထဲသို့ ၎င်း၊ ဆီကဲ့သို့ သူ၏ အရိုးထဲသို့၎င်း ဝင်ပါစေ၊၊
၁၉ သူ့၏ကိုယ်၌ ခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း၊ သူ၌ ဖြစ်ပါစေ၊၊
၂၀ ငါ၏ ဝိညာဉ်တဘက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရ ဘုရားထံ ခံရကြပါစေ။
၂၁ အို ဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ၊ ကရုဏာတော် ကောင်းသည်ဖြစ်၍ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၂၂ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏၊၊ အကျွန်ုပ်အထဲ၌ နှလုံး နာလျက် ရှိပါ၏၊၊
၂၃ ရှည်လျားသောအရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွားပါ၏၊၊ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက် ရှိပါ၏၊၊
၂၄ အစာမစားဘဲနေသောကြောင့် ဒူးဆစ်နုန့်နဲ့၍ အသားလည်း လျော့ပါ၏၊၊
၂၅ အကျွန်ုပ်သည်လည်း သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်၍ သူတို့သည် အကျွန်ုပ်ကိုမြင်သော အခါ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏၊
၂၆ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်ကို မစတော်မူပါ၊၊ ကရုဏာတော်ရှိသည်အတိုင်း ကယ်တင်တော်မူပါ၊၊
၂၇ ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူသည်ဟု ထိုသူတို့သည် သိကြပါစေသော၊၊
၂၈ ထိုသူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ၊၊ သူတို့သည်ထသော အခါ အရှက်ကွဲကြပါစေသော၊၊ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော၊၊
၂၉ အကျွန်ုပ်၏ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကို ဝတ်၍ စောင်နှင့် ခြုံသကဲ့သို့ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကို ခြုံကြပါစေသော၊၊
၃၀ အကျွန်ုပ် သည် နှုတ်မြွက် ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်၊၊ များစွာသော သူတို့၏အလယ်မှာ ချီးမွမ်းပါမည်၊၊
၃၁ အကြောင်းမူကား ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့လက်မှ ကယ်တင်ခြင်းငှါ သူ၏ လက်ျာဘက်မှာ ရပ်၍ နေတော်မူတတ်၏၊၊