Tuesday, March 20, 2018

ဆာလံကျမ်း အခန်းကြီး ၁၃၆
 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။
 ဘုရားတို့၏အရှင် ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
 အရှင်တို့၏သခင၊် ဘုရားရှင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
 ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အံ့ဘွယ်သော အမှုတို့ကို တပါတည်းသာ ပြုတော်မှုထသော၊
 ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင် ကို ဖန်ဆင်းတော်မူထသော၊
 ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကိုဖြန့်တော်မူထသော၊
 ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊
 ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ နေ့ကို အုပ်စိုးရသောနေကို၎င်း၊
 ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ညဥ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်းတော်မူထသော၊
၁၀ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊
၁၁ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အားကြီး သောလက်၊ ဆန့်သောလက်ရုံးတို့ကို လက်နက်ပြုတော် မူထသော
၁၂ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင် တော်မူထသော၊
၁၃ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်း ခွဲတော်မူထသော၊
၁၄ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ပင်လယ်အလယ်၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော၊
၁၅ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော် မူထသော၊
၁၆ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ မိမိလူစုကိုတော၌ ပို့ဆောင်တော်မူထသော၊
၁၇ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ကြီးသော ဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော၊
၁၈-၂၀ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို၎င်း၊ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဗာရှန်ပြည်ကို အစိုးရသော သြဃမင်းကို၎င်း၊ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ဘုန်းကြီးသော ဘုရင်များကို၎င်းလုပ်ကြံတော်မူထ သော၊
၂၁ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ သူတို့နေရာမြေကို လွှဲတော်မူထသော၊
၂၂ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊မိမိကျွန် ဣသရေလအမျိုးအား အမွေကို ပေးချတော်မူထသော၊
၂၃ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ နှိမ့်ချလျက်နေသော ငါတို့ကို အောက်မေ့တော်မူထသော၊
၂၄ ကရုဏာတော် အစဉ်အမြဲ တည်သည် ဖြစ်၍၊ ငါတို့ကို ရန်သူတို့အထဲက ရွေးနှုတ်တော် မူထသော၊
၂၅ ကရုဏာတော် အစဉ်အမြဲတည်သည် ဖြစ်၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို ကျွေးမွေးတော်မူသော၊
၂၆ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။