Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၉၇
 ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
 မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ပတ်ဝန်းကျင်တို့၌ ရှိကြသည်၊၊ တရားသဖြင့်စီရင်ခြင်း ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏၊၊
 မီးသည်ရှေ့တော်၌ သွား၍ ရန်သူတို့ကိုအလှည့်လည့်   လောင်လေ၏။
 လျှပ်စစ်တော်သည် လောကဓါတ်ကိုလင်းစေ၏၊၊ မြေကြီးသည်မြင်၍ တုန်လှုပ်၏၊၊
 ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံး ကိုအစိုးရတော်မူသော အရှင်၏ရှေ့တော်၌ တောင်တို့သည်ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်၊၊
 ဖြောင့်မတ်တော်မူ ခြင်း အကြောင်းကိုကောင်းကင်တို့သည် ထင်ရှားစွာပြ၍ လူများအပေါင်းတို့သည် ဘုန်းတော်ကိုမြင်ရကြ၏၊၊
 ရုပ်တု ဆင်းတုကို ဝတ်ပြုသောသူ အချည်းနှီးသက်သက်သော အရာ၌ဝါကြွားသောသူ အပေါင်းတို့သည် အရှက်ကွဲခြင်း ရှိကြစေ၊၊ ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့၊၊
 အိုထာဝရဘုရား ကိုယ်တော်သည်တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့် ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏၊၊ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏၊၊
 အိုထာဝရဘုရား ကိုယ်တော်သည် မြေကြီင်္းသားအ ပေါင်းတို့ ထက်ကြီးမြင့်တော်မူ၏၊၊ ဘုရားတကာတို့ထက် အလွန်မြှောက်ခြင်းရှိတော်မူ၏၊၊
၁၀ ထာဝရားဘုရားကို ချစ်တော်မူသောသူတို့ မကောင်းသောအမှုကို ရွံရှာကြလော့၊၊ ကိုယ်တော်၏ သန့်ရှင်းသူတို့၏အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏ လက်မှလည်းကယ်နှုတ် တော်မူ၏၊၊
၁၁ အလင်းသည်တရားသောသူတို့ အဘို့ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သောသူတို့ အဘို့ပျိုးကြဲလျက်ရှိကြ၏၊၊
၁၂ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကို အမှီပြု၍ဝမ်းမြောက်ကြလော့၊၊ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့၊၊