Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၂၆
 ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတ်ာမူသောအခါ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ်ကြ၏။
 ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့လျှာသည် သီဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီဟုဆိုကြ၏။
 ထာဝရ ဘုရားသည် ငါတို့အဘို့ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်ရှိနေကြ၏။
 အိုထာဝ ဘုရား၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေ တော်မူပါ။
 မျက်ရည်ကျလျက် မျိုးစေ့ကြဲသော သူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။
 မျက်ရည်ကျ လျက် ကြဲရန်မျိုးစေ့ကို ဆောင်၍ ထွက်သွားသော သူသည်၊ ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းသော စိတ် နှင့် အမှန်ပြန်လာလိမ့်မည်။