ဆာလံကျမ်း အခန်းကြီး ၁၀၃
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊
၁၃ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော် မူ၏။
၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓြွာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်း ကို အောက်မေ့တော်မူ၏။
၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။လူသည် လယ်ပြင် ၌ရှိသောပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။
၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။
၁၇ ထာဝရဘုရား၏ ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တက်၏။
၁၈ သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏ သားစဉ် မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
၁၉ ထာဝရဘုရားသည် ပလင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍ ၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကို နှံ့ပြား၏။
၂၀ တန်ခိုးကြီးသော နှုတ်ကပတ်တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။
၂၁ အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော် အပေါင်းတို့ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
၂၂ နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကိုကောင်းကြီး ပေးကြလော့။