Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၂၉
 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည်ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလ အမျိုးဆိုရသော စကားဟူမူကား၊
 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည်ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါကို မနိုင်ကြ။
 ထွန်သောသူတို့သည် ငါ့ကျောပေါ်မှထွန်၍၊ ရှည်သော ထွန်ကြောင်း တို့ကို ဖြစ်စေကြ၏။
 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသောသူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။
 ဇိအုန်မြို့ ကို မုန်းသော သူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။
 အိမ်မိုး ပေါ်မှပေါက်၍၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ်သော မြက်ပင်ကဲ့သို့ ဖြစ်ကြပါစေ။
 ထိုမြက်ပင်ကို ရိတ်သော သူသည် လက်တဆုပ်မျှမရ။ စည်းသောသူသည်လည်း လက်တပွေ့မျှမရ။
 လမ်း၌ လျှောက်သွားသော သူတို့က လည်း၊ ထာဝရဘုရား ပေးတော်မူ သော မင်္ဂလာသက်ရောက် ပါစေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုကြရ။