Sunday, March 25, 2018

ဆာလံကျမ်း အခန်းကြီး ၁၁၉
 ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
 သက်သေခံတော် မူချက်ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
 ထိုသူတို့သည် ဒုစရိုက် ကိုမပြု လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏၊
 အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘိုရာ ကိုယ်တော်သည် သြဝါ ဒ ပေးတော်မူပြီ၊၊
 ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့် ပါစေသော၊
 အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏၊
 ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျင့်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။
 ကိုယ်တော်၏ အထုံးအဖွဲ့များကို  စောင့်ပါမည်၊၊  အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်၊၊
 လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊
၁၀ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်၊၊
၁၁ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊ 
၁၂ အို ထာဝရဘုရား ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏၊၊ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ၊၊
၁၃ စီရင် တော်မူရာ နှုတ်တော်ထွက်အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏၊၊
၁၄ ခပ်သိမ်းသော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊
၁၅ ပေးတော်မူသော သြဝါဒကိုဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏၊၊
၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
၁၇ ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ကျေးဇူးပြုတော် မူပါ၊၊
၁၈ တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊
၁၉ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏၊၊ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်၊၊
၂၀ စီရင်တော်မူချက်တို့ ကို အစဉ်မပြတ် တောင့်တသော အားဖြင့် အကျွန်ုပ်၏ စိတ်နှလုံး ကြေကွဲလျက် ရှိပါ၏၊၊
၂၁ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍ အကျိန်ခံရသော သူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏၊၊
၂၂ အကျွန်ုပ်သည်သက်သေ ခံတော်မူချက် တို့ကို စောင့်ပါသည်ဖြစ်၍ ကဲ့ရဲ့ခြင်း မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ၊၊
၂၃ မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ ပြောကြပါ၏၊၊ ကိုယ်တော်၏ ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက် နေပါ၏။
၂၄ သက်သေခံတော် မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏၊၊
၂၅ အကျွန်ုပ်အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ၊၊
၂၆ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကို ဘော်ပြ၍ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။
၂၇ ပေးတော်မူသော သြဝါဒလမ်းကို အကျွန်ုပ်နားလည် စေတော်မူပါ၊၊ သို့ပြုလျှင်  အံ့ဘွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်၊၊
၂၈ အကျွန်ုပ်ဝမ်းနည်းခြင်း အားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
၂၉ မုသာလမ်းကိုအကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ၊၊
၃၀ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ၊၊ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ၊၊
၃၁ သက်သေခံတော် မူချက်တို့၌ မှီဝဲပါပြီ၊၊ အို ထာဝရဘုရား အရှက်ကွဲစေတော်မမူပါနှင့်၊၊
၃၂ အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော် မူသည်ဖြစ်၍ ပညတ်တော်လမ်းသို့ အလျှင်အမြန် လိုက်ပါမည်၊၊
၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
၃၅ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊ ထိုလမ်းကို နှစ်သက်ပါ၏၊၊
၃၆ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက် သို့မဟုတ် သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ၊၊
၃၇ အနတ္တကို ပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွဲတော်မူပါ၊၊ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ၊၊
၃၈ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော်၏ ကျွန်ဗျာဒိတ်တော်ကို တည်စေတော်မူပါ၊၊
၃၉ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကိုပယ်ပျောက်စေတော် မူပါ၊၊ စီရင်တော် မူချက်တို့သည် ကောင်းမွန်ကြပါ၏၊၊
၄၀ ပေးတော်မူသော သြဝါဒများကို တောင့်တပါ၏၊၊ ဖြောင့်မတ်ခြင်း တရားတော် အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ 
၄၁ အို ထာဝရဘုရား ဗျာဒိတ်တော်အတိုင်း ကရုဏာ တော်တည်း ဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော၊
၄၂ ထိုသို့အကျွန်ုပ် သည် နှုတ်ကပတ် တ်ာကို ကိုးစားသည်ဖြစ်၍ ကဲ့ရဲ့သောသူ၏ စကားကို ချေစရာ အကြောင်းရှိပါလိမ်မည်၊၊
၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော် မမူပါနှင့်၊၊
၄၄ ကိုယ်တော်၏ တရားကို မခြားမလပ် အစဉ်အမြဲကျင့်စောင့်ပါမည်၊၊
၄၅ ပေးတော်မူသော သြဝါဒများကို အကျွန်ုပ် ရှာဖွေမေးမြန်းသည်ဖြစ်၍ အဆီးအတားမရှိဘဲ သွားလာရပါ၏၊၊
၄၆ သက်သေခံတော်မူချက်တို့ကို မင်းများ ထံမှာ ပြန် ပြော၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၄၇ အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့၌ မွေ့လျော်ပါမည်၊၊
၄၈ နှစ်သက်သော ပညတ်တော်တို့အား လက်တို့ကို ချီ၍ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ ပါမည်။
၄၉ အကျွန်ုပ် မြော်လင့်စရာအကြောင်း ကိုယ်တော်၏ ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ၊၊
၅၀ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ ဆင်းရဲကို ခံရစဉ်တွင် ထိုနှုတ်ကပတ် တော်သည် အကျွန်ုပ်သက်သာစရာအကြောင်းဖြစ်ပါ၏၊၊
၅၁ မာနကြီးသော သူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော် လည်း ကိုယ်တော်၏ တရားလမ်းကို အကျွန်ုပ်မရှောင်ပါ၊၊
၅၂ အိုထာဝရဘုရား ရှေးကာလ၌ စီရင်တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့၍ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပါ၏၊၊
၅၃ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ကြောင့် အကျွန်ုပ် ၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏၊၊
၅၄ အကျွန်ုပ်ဧည့်သည်နေရာအိမ်တွင် အထုံးအဖွဲ့တော် တို့သည် အကျွန်ုပ်သီချင်းဆိုရာ အကြောင်းဖြစ်၏၊၊
၅၅ အိုထာဝရဘုရား ညဥ့်အချိန်၌ နာမတော်ကို အကျွန်ုပ်အောက်မေ့၍ တရားတော်ကို စောင့်ပါ၏၊၊
၅၆ ပေးတော်မူသော သြဝါဒများကို နားထောင်သောအားဖြင့် အားရပါ၏။
၅၇ အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ အဘို့ ဖြစ်တော်မူ၏၊၊ နှုတ်ကပတ်စကားတော်တို့ ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ၊၊
၅၈ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့တောင်းပန်ပါ၏၊၊ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ၊၊
၅၉ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သော အခါ သက်သေခံတော်မူချက်တို့သို့ လှည့်၍ လိုက်ပါ၏၊၊
၆၀ ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွဲ့ အလျင်အမြန်ပြု ပါ၏၊
၆၁ မတရားသောသူအစည်းအဝေးတို့သည် အကျွန်ုပ်ကို ဝိုင်းကြသော်လည်း အကျွန်ုပ်သည် တရားတော်ကို မမေ့မလျော့ပါ၊
၆၂ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက်၍ ၊ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ၊သန်းခေါင်အချိန်၌ အကျွန်ုပ်ထတက်ပါသည်။
၆၃ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူသောသြဝါဒကို နားထောင်သောသူရှိသမျှ  တို့နှင့် အကျွန်ုပ် ပေါင်းဘော်တတ်ပါ၏။
၆၄ အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၅ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း  ကိုယ်တော်၏ ကျွန်၌ ကျေးဇူးပြုတော်မူ၏။
၆၆ ပညတ်တော် တို့ကို အကျွန်ုပ် ယုံကြည်သည်ဖြစ်၍၊ ကောင်းသောဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
၆၇ အကျွန်ုပ် သည်  ဆင်းရဲမခံမီ လမ်းလွှဲပါ၏။ ယခုမူကား ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏။
၆၈ ကိုယ်တော်သည်  ကောင်းသောသဘော  ကျေးဇူးပြုတက်သောသဘော ရှိတော်မူ၏။အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
၆၉ မာနကြီးသော  သူတို့သည် အကျွန်ုပ်တဘက် ၌မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ ကျင့်ပါ၏။
၇၀ သူတို့နှလုံးသည် ဆီဥကဲ့သို့   ခဲလျက်ရှိ၏။ အကျွန်ုပ်မူကား၊ ကိုယ်တော်၏တရား၌ မွေ့လျော်ပါ၏။ 
၇၁ အထုံးအ ဖွဲ့တော်တို့ကို  သွန်သင်စေခြင်းငှာ၊ အကျွန်ုပ် ဆင်းရဲခံရသော ကျေးဇူးသည် ကြီးမားပါ၏။
၇၂ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေအထောင်၊အသောင်း ထက်မက၊ အကျွန်ုပ်၌သာ၍ကောင်းပါ၏။
၇၃ ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ် သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေတော်မူပါ။
၇၄ နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သောကြောင့်၊  ကိုယ်တော်ကို  ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါ လိမ့်မည်။
၇၅ အိုထာဝရဘုရား၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို၎င်း၊ သစ္စာတော်နှင့်အညီ အကျွန်ုပ်ကို ဆင်းရဲတော်မူစေကြောင်းကို၎င်း၊ အကျွန်ုပ်သိပါသည်။
၇၆ ကိုယ်တော်၏ကျွန်၌ မိန့်တော်မူချက် အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကိုချမ်းသာပေးပါ စေသောဟု ဆုတောင်းပါ၏။
၇၇ ကိုယ်တော်၏ တရားသည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ ထို့ကြောင့် အကျွန်ုပ် အသက်ရှင်မည်အကြောင်း သနားစုံမက် တော်မူခြင်းသည် သက်ရောက်ပါစေသော။
၇၈ မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါစေသော။ အကြောင်းမရှိဘဲ အကျွန်ုပ်၌ မတရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဥပဒေသများကို ဆင်ခြင် အောက်မေ့ပါသည်။
၇၉ ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ သက်သေခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော။
၈၀ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့၌ စုံလင်ပါစေသော၊၊
၈၁ အကျွန်ုပ်ဝိညာဉ်သည် ကယ်တင်တော်မူခြင်းကျေးဇူးကို  တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော်ကို မြော်လင့်ပါ၏။
၈၂ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေးတော်မူ မည်နည်း ဟူ၍၊ အကျွန်ုပ် မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
၈၃ မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။  သို့သော်လည်း အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
၈၄ ကိုယ်တော်၏ ကျွန်နေရသော နေ့ရက် ကာလအဘယ်မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ်ကိုညှင်းဆဲသောသူတို့အား၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း။
၈၅ မာနကြီးသောသူ၊ ကိုယ်တော်၏ တရားကို  လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့ တွင်းများကို တူးကြပါပြီ။
၈၆ အလုံးစုံးသော ပညတ်တော်တို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသည်ဖြစ်၍၊မစတော်မူပါ။
၈၇ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ် ကသုတ်သင် ပယ်ရှင်းလုပါပြီ။ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို အကျွန်ုပ် မစွန့်ပါ။
၈၈ ဂရုဏာ တော်ရှိသည့်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက်  ဗျာဒိတ်တော်ကို စောင့်ပါမည်။
၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။
၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
၉၁ ခပ်သိမ်းသော အရာတို့ သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
၉၂ အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ်ပျက်စီးပါပြီ။
၉၃ ကိုယ်တော်၏  ဥပဒေများကို အစဉ်မမေ့လျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
၉၄ အကျွန်ုပ်သည်ကိုယ်တော်၏  ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေများကို ရှာဖွေလိုက်စစ်သောကြောင့်အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
၉၅ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရား တော်မူ ကား အလွန်ကျယ်ဝန်းပါ၏၊၊
၉၇ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင်အောက်မ့ လျက်နေပါ၏၊
၉၈ ပညတ်တရားတော်သည် အကျွန်ုပ်ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊
၉၉ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ ဆရာအပေါင်းတို့ ထက်သာ၍ နားလည်ပါ၏၊၊
၁၀၀ ဝကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊
၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊
၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊
၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏၊၊ ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ ချိုကြပါ၏၊၊ 
၁၀၄ ကိုယ်တော်၏ ဥပဒေသများအားဖြင့်  အကျွန်ုပ် သည် ဥာဏ်တိုးပွား၍ မိစ္ဆြွာလမ်းရှိသမျှ တို့ကို မုန်းပါ၏၊၊
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊
၁၀၆ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု  အကျွန်ုပ်ကျိန်ဆိုသည်အတိုင်း ပြုပါမည်၊၊
၁၀၇ အိုထာဝရဘုရား အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက် ရှင်စေတော်မူပါ၊၊
၁၀၈ အိုထာဝရဘုရား အကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၊၊ စီရင်တော် မူချက်တို့ကိုလည်း အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏၊၊
၁၀၉ အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏၊၊  သို့သော်လည်း    တရားတော်ကို မမေ့မလျော့ပါ၊၊
၁၁၀ မတရားသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့ သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ၊၊ 
၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ်နှလုံး ရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲခံယူပါ၏၊၊ 
၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံးတိုင်အောင် အစဉ်လိုက်ခြင်းအလိုငှါ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏၊၊
၁၁၃ အကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏တရားကိုနှစ်သက်ပါ၏။
၁၁၄ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊  နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊ 
၁၁၅ ဒုစရိုက်ကိုပြုသော သူတို့ ငါ့ထံမှ ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်၊၊ 
၁၁၆ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ်မြော်လင့်ခြင်း အကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
၁၁၇ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။
၁၁၈ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ကို ပယ်တော် မူ၏။သူတို့ပရိယာယ်သည် မုသာ ဖြစ်ပါ၏။
၁၁၉ မတရားသော မြေသားအပေါင်းတို့ကိုချော်ကဲ့သို့ မှတ်တော်မူ၏။ ထို့ကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
၁၂၀ ကိုယ်တော်ကို ထိန့်လန့်သဖြင့် အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
၁၂၁ အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာစီရင်ခြင်းကို ပြုပါပြီ၊၊ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်၊၊
၁၂၂ ကိုယ်တော်၏ ကျွန်အဖို့ငှါ အာမခံတော်မူပါ၊၊ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်၊၊
၁၂၃ ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ၊၊
၁၂၄ ကရုဏာတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်၌ ပြု၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ၊၊
၁၂၅ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊ သက်သေခံ တော်မူချက် တို့ကို  နားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၂၆ အို ထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါ ပြီ။ သူတပါး များတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊
၁၂၇ အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏၊၊
၁၂၈ သို့ဖြစ်လျှင် ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ် လျက် မိစ္ဆြွာလမ်း ရှိသမျှ တို့ကို မုန်းပါ၏၊
၁၂၉ သက်သေခံတော်မူချက်တို့သည် အံ့သြဘွယ် ဖြစ်၍ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ် ပါ၏၊
၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊
၁၃၁ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့် နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏၊၊
၁၃၂ နာမတော်ကို  ချစ်သောသူတို့၌ ပြုတော်မူတတ်သည်အတိုင်း အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ၊၊
၁၃၃ မိန့်တ်ာမူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်း တို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်၊၊
၁၃၄ လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ။ ကိုယ်တော်၏ ဥပဒေသများကို စောင့်ပါမည်။
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
၁၃၆ သူတပါးများတို့သည် တရားတော်ကို မစောင့်သောကြောင့် အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။
၁၃၇ အိုထာဝရဘုရား ကိုယ်တော်ဖြောင့်မတ်တော်မူ၏၊၊ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြပါ၏၊၊
၁၃၈ ထားတော်မူသောသက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏၊၊
၁၃၉ ရန်သူတို့သည် စကား တော်တို့ကို မေ့လျော့သောကြောင့် စွဲလန်းပူပန်ခြင်း စိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲပါ၏၊၊
၁၄၀ နှုတ်ကပတ် တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍ ကိုယ်တော်၏ ကျွန်သည် နှစ်သက်ပါ၏၊၊
၁၄၁ အကျွန်ုပ်သည် ငယ်သောသူ မထီမဲ့မြင် ပြုခြင်းကို ခံရသောသူဖြစ်ပါ၏၊၊ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ၊
၁၄၂ ဖြောင့်မတ် တော်မူ ခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်း ဖြစ်ပါ၏၊၊ ကိုယ်တော်၏ တရားသည် သစ္စာတရား ဖြစ်ပါ၏၊၊
၁၄၃ ဆင်းရဲည‡ိုး ငယ်ခြင်းသို့ ရောက်သော်လည်း ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏၊၊
၁၄၄ သက်သေခံတော်မူချက်တို့ သည် အစဉ်အမြဲ ဖြောင့်ကြပါ၏၊၊ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၄၅ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ်ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ၊၊ အထုံးအဖွဲ့ တော်တို့ကို စောင့်ပါမည်၊၊
၁၄၆ ကိုယ်တော်ကို အော်ဟစ်ပါ၏၊ ကယ်တင်တော်မူပါ၊ သက်သေခံတော် မူချက်တို့ကို စောင့်ပါမည်၊၊
၁၄၇ မိုဃ်းမလင်းမှီ အကျွန်ုပ်အော်ဟစ်တတ်ပါ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊ 
၁၄၈ ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှါ ညဥ့်ယံမလွန်မှီ အကျွန်ုပ်နိုး တတ်ပါ၏၊၊ 
၁၄၉ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ၊၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ 
၁၅၀ မကောင်းသော အကြံအစည်၌ ကျင်လည်သောသူတို့သည် အနီးသို့ ချဉ်းကပ်ကြပါ။၊ သူတို့သည် ကိုယ်တော်၏ တရားနှင့် ဝေးကြပါ၏၊၊ 
၁၅၁ အိုထာဝရဘုရား ကိုယ်တော်သည် နီးတော်မူ၏၊၊ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏၊၊
၁၅၂ သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲ ထားတော်မူကြောင်းကို ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
၁၅၃ အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍ ကယ်နှုတ်တော်မူပါ၊၊ ကိုယ်တော်၏ တရားကို မမေ့မလျော့ ပါ၊၊
၁၅၄ အကျွန်ုပ်အမှုကို စောင့်၍ အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ၊၊ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော်မူပါ၊၊
၁၅၅ မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ကယ်တင်ခြင်းနှင့် ဝေးကြပါ၏၊၊
၁၅၆ အိုထာ ဝရဘုရား သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူပါ၊၊
၁၅၇ အကျွန်ုပ်ကို ညှင်းဆဲသောသူနှင့် ရန်ဘက်ပြုသော သူတို့သည် များကြပါ၏၊၊ သို့သော်လည်း အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှလွှဲ၍ မသွားပါ၊၊
၁၅၈ သစ္စာမရှိသော သူတို့ကို အကျွန်ုပ်သည် မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏၊၊
၁၅၉ ကိုယ်တော်၏ ဥပဒေသများ ကို အကျွန်ုပ်နှစ်သက်ကြောင်းကို မှတ်တော်မူပါ၊၊ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၁၆၀ နူတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏၊၊ တရားသဖြင့် စီရင်တော်မူချက်ရှိ သမျှတို့သည် အစဉ်အမြဲတည်ကြပါ၏၊၊
၁၆၁ အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှင်းဆဲကြသော်လည်း အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏၊၊
၁၆၂ လက်ရဥစ္စာများကိုတွေ့ရသကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်း မြောက်ပါ၏၊၊
၁၆၃ မုသာစကားကို ကြားပျင်းရွံ့ရှာပါ၏၊၊ တရားတော်ကိုကား နှစ်သက်ပါ၏၊၊
၁၆၄ ဖြောင့်မတ်စွာ စီရင်တော် မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနှစ်ကြိမ် ချီးမွမ်းတတ်ပါ၏၊၊
၁၆၅ တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာသော ငြိမ်ဝပ်ခြင်း ရှိပါ၏၊၊ သူတို့စိတ်ပျက်စရာ အကြောင်းမရှိပါ၊၊
၁၆၆ အိုထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မြော်လင့်၍ ပညတ်တော်တို့ကို ကျင့်ပါ၏၊၊
၁၆၇ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏၊၊ အလွန်နှစ်သက်ပါ၏၊
၁၆၈ ကိုယ်တော်၏ ဥပဒေတို့နှင့် သက်သေခံတ်ာမူချက်တို့ကို စောင့်ပါ၏၊ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ ရှိကြပါ၏၊၊
၁၆၉ အိုထာဝရဘုရား အကျွန်ုပ်အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော၊၊ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၇၀ အသနားခံသော စကားသည် ရှေ့တော်သို့ ရောက်ပါစေသော၊၊ ဗျာဒိတ်တော် အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၇၁ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ အကျွန်ုပ်၏ နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်၊၊
၁၇၂ အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်၊၊
၁၇၃ ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်သည်ဖြစ်၍ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော်၊၊
၁၇၄ အို ထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏၊၊ တရား တော်သည်လည်ူး အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏၊၊
၁၇၅ အကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်ကို ချီးမွမ်းပါစေသော၊ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော၊၊
၁၇၆ ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီင်္၊ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ၊၊ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။